ဒီဇင်ဘာ(၂၅)၊ ၂၀၁၉ခုနှစ်

ဘူးသီးတောင်မြို့နယ်က တမန်းသားရွာသားတစ်ဦး ယနေ့ နံနက်(၉)နာရီခန့်တွင် မှိုင်းထိကြောင်းသိရသည်။
ဒဏ်ရာကြောင့် မှိုင်းစများ မျက်နှာပါးနှစ်ဘက်တွင် စိုက်ဝင်ခဲ့ပြီး၊ ညာခြေထောက်သည်လည်း ယောင်ယမ်းနေကြောင်း လူငယ်ကယ်ဆယ်ရေးလုပ်ကိုင်ကူညီပေးနေသည့် ကိုသန်းဝင်းကပြောသည်။
ခမီးချောင်းရွာကအပြန်လမ်းတွင်မှိုင်းထိခြင်းဖြစ်ကြောင်း သူကပြောသည်။
ဓာတ်ပုံ- မှိုင်းထိဒေသခံတစ်ဦး/ ဆရာသန်းဝင်း

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားနေသောစစ်ပွဲများသည် တစ်နှစ်တာကျော်ကြာမြင့်လာပြီဖြစ်သည်။ အဆိုပါစစ်ပွဲများအတွင်း အရပ်သားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာရခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ မကြာခဏဆိုသလို ဖြစ်ပွားနေကြောင်း တွေ့ရှိနေရသည်။