စစ္ေဘးေရွာင္(၁၁)ဦး
ေပါက္ေတာၿမိဳ႕သို႕ထပ္မံေရာက္ရွိလာေၾကာင္းသိရသည္။ အဆုိပါ စစ္ေဘးေရွာင္မ်ားကုိ ၿမိဳ႕ေပၚရွိ
ဘ၀မ္းဘုန္းၾကီးေက်ာင္းစစ္ေဘးေရွာင္စခန္းတြင္ လက္ခံထားၿပီး၊ ေပါက္ေတာၿမိဳ႕နယ္တစ္ခုလုံးတြင္
စစ္ေဘးေရွာင္ဦးေရ (၂၅၀)ေက်ာ္အထိ ၿမင့္တက္လာေၾကာင္း စခန္းၿပန္ၾကားေရးတာ၀န္ခံ ကုိေက်ာ္ေက်ာ္ခုိင္ကေၿပာသည္။
စစ္ေဘးေရွာင္မ်ားအတြက္
တကုိယ္ရည္သုံးပစၥည္းမ်ားၿဖစ္သည့္ မိန္းမသုံးပစၥည္း၊ ဆပ္ၿပာစသည့္ က်န္းမာေရးသုံးပစၥည္း
မ်ားလုိအပ္ခ်က္ရွိေနေၾကာင္း သူကဆုိသည္။
ေၿမာက္ဦး၊
မင္းၿပား၊ ေၿမပုံၿမိဳ႕နယ္မ်ားက စစ္ေဘးေရွာင္မ်ားကုိ ေပါက္ေတာၿမိဳ႕တြင္ ဘ၀မ္းဘုန္းၾကီးေက်ာင္းအၿပင္၊
ကန္ဆိပ္ေက်းရြာႏွင့္ ကန္ေခ်ာင္းေက်းရြာတုိ႕တြင္လည္း လက္ခံထားရေၾကာင္းသိရသည္။
Unicode
ပေါက်တောသို့ စစ်ဘေးရှောင်များ ထပ်မံရောက်ရှိ၊ မိန်းမသုံးပစ္စည်း၊ တကိုယ်ရည်သုံးပစ္စည်းများလိုအပ်နေ
ဒီဇင်ဘာ(၂၄)ရက်၊ ၂၀၁၉ခုနှစ်
စစ်ဘေးရှောင်(၁၁)ဦး ပေါက်တောမြို့သို့ထပ်မံရောက်ရှိလာကြောင်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များကို မြို့ပေါ်ရှိ ဘဝမ်းဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် လက်ခံထားပြီး၊ ပေါက်တောမြို့နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ဦးရေ (၂၅၀)ကျော်အထိ မြင့်တက်လာကြောင်း စခန်းပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ခိုင်ကပြောသည်။
စစ်ဘေးရှောင်များအတွက် တကိုယ်ရည်သုံးပစ္စည်းများဖြစ်သည့် မိန်းမသုံးပစ္စည်း၊ ဆပ်ပြာစသည့် ကျန်းမာရေးသုံးပစ္စည်း များလိုအပ်ချက်ရှိနေကြောင်း သူကဆိုသည်။
မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များက စစ်ဘေးရှောင်များကို ပေါက်တောမြို့တွင် ဘဝမ်းဘုန်းကြီးကျောင်းအပြင်၊ ကန်ဆိပ်ကျေးရွာနှင့် ကန်ချောင်းကျေးရွာတို့တွင်လည်း လက်ခံထားရကြောင်းသိရသည်။


0 Comments