ျပည္တြင္းမဲဆႏၵရွင္မ်ား
ဆႏၵမဲေပးပိုင္ခြင့္ရွိသူမ်ား
ေအာက္ပါ အရည္အခ်င္းမ်ားႏွင့္ ျပည့္စုံသူမ်ားသည္ အမ်ိဳးသား၊ အမ်ိဳးသမီးမေရြး၊ ဘာသာ မေရြး ေရြးေကာက္ပြဲတြင္ ဆႏၵမဲ ေပးပိုင္ခြင့္ရွိသည္-
(၁)
ေရြးေကာက္ပြဲ စတင္က်င္းပသည့္ေန႔တြင္ အသက္(၁၈)ႏွစ္ ျပည့္ၿပီး သက္ဆိုင္ရာ လႊတ္ေတာ္ ေရြးေကာက္ပြဲ ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ မဆန္႔က်င္ေသာ နိုင္ငံသား၊ ဧည့္နိုင္ငံသားႏွင့္ နိုင္ငံသား ျပဳခြင့္ရသူ၊
(၂)
သက္ဆိုင္ရာ မဲဆႏၵနယ္၏ မဲစာရင္းတြင္ ပါဝင္သူ။
မဲေပးျခင္း
(၁)
ေရြးေကာက္ပြဲတြင္ ႀကိဳတင္ ဆႏၵမဲ လက္မွတ္ျဖင့္ ဆႏၵမဲေပးၿပီး သူမ်ားမွအပ ဆႏၵမဲေပး မည့္သူမ်ားသည္ မဲ႐ုံသို႔ ကိုယ္တိုင္ လာေရာက္၍ ဆႏၵမဲ ေပးရမည္။ ကိုယ္စားလွယ္ ေစလႊတ္၍ ဆႏၵမဲေပးျခင္း မျပဳရ။
(၂)
မဲ႐ုံမႉး သို႔မဟုတ္ ယင္းက တာ၀န္ေပးအပ္ထားေသာ မဲ႐ုံအဖြဲ႕ဝင္သည္ ဆႏၵမဲ လက္မွတ္ကို ဆႏၵမဲေပးသူအား ထုတ္မေပးမီ မဲစာရင္းပါ ဆႏၵမဲေပး ပိုင္ခြင့္ရွိသူ၏ အမည္ႏွင့္ မဲစာရင္း အမွတ္တို႔ မွန္ကန္ပါက မဲစာရင္းတြင္ ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူအား လက္မွတ္ ေရးထိုးျခင္း သို႔မဟုတ္ လက္ဝဲလက္မ လက္ေဗြႏွိပ္ျခင္း ျပဳေစၿပီးေနာက္ ဆႏၵမဲလက္မွတ္ကို ဆႏၵမဲ ေပးပိုင္ခြင့္ ရွိသူအား ထုတ္ေပးရမည္။
(၃)
ဆႏၵမဲ လက္မွတ္ကို ရရွိလၽွင္ ဆႏၵမဲေပးသူသည္ လၽွို႔ဝွက္ ဆႏၵျပဳခန္း၌ ဆႏၵမဲ လက္မွတ္ေပၚတြင္ မိမိဆႏၵျပဳလိုေသာ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၏ အမည္ႏွင့္ သေကၤတ အမွတ္အသား တည့္တည့္တြင္ ရွိေသာ ေလးေထာင့္ အကြက္ အတြင္း၌ အမွန္ (Â ) အမွတ္အသားပါ တံဆိပ္တုံးရိုက္ႏွိပ္၍ ဆႏၵမဲေပးျခင္း ျပဳရမည္။ ထို႔ေနာက္ မိမိ ဆႏၵျပဳထားသည္ကို သူတစ္ပါး မျမင္နိုင္ေစရန္ ဆႏၵမဲလက္မွတ္ကို ေခါက္၍ သတ္မွတ္ထားသည့္ မဲပုံးအတြင္းသို႔ ထည့္ရမည္။ မဲပုံးထဲသို႔ ထည့္ရမည့္ ဆႏၵမဲ လက္မွတ္တြင္ မဲ႐ုံမႉး၏ လက္မွတ္ႏွင့္ ဆႏၵမဲလက္မွတ္ပါ ေလးေထာင့္အကြက္ အတြင္း၌ မဲဆႏၵရွင္ ဆႏၵျပဳထားေသာ အမွတ္အသားတို႔မွ တစ္ပါး အျခား မည္သည့္ အမွတ္အသားမၽွ မပါဝင္ေစရ။
(၄)
ဆႏၵမဲေပးသူသည္ ဆႏၵမဲလက္မွတ္ရွိ အမည္မ်ားကို မဖတ္တတ္လၽွင္ သို႔မဟုတ္ ညႊန္ၾကားထားသည့္ အတိုင္း ဆႏၵမဲ မေပးတတ္လၽွင္ လည္းေကာင္း၊ မ်က္မျမင္ ျဖစ္လၽွင္ လည္းေကာင္း သက္ဆိုင္ရာ မဲစာရင္း၌ ပါရွိေသာ မဲဆႏၵရွင္၏ ဖခင္၊ မိခင္၊ ဇနီး၊ ခင္ပြန္း၊ သား၊ သမီး၊ ညီအစ္ကို ေမာင္ႏွမ အရင္းတစ္ဦးဦးသည္ ဆႏၵမဲေပးသူက ညႊန္ၾကားသည့္အတိုင္း သတ္မွတ္ထားသည့္ ေနရာတြင္ ဆႏၵမဲ လက္မွတ္၌ လၽွို႔ဝွက္ ဆႏၵျပဳရမည္။ ယင္းပုဂၢိဳလ္မ်ား မရွိခဲ့လၽွင္ မဲ႐ုံမႉးသည္ ယင္းပုဂၢိဳလ္မ်ား ကိုယ္စား ေဆာင္ရြက္ေပးရမည္။ ထို႔ေနာက္ ဆႏၵမဲေပးသူအား ထိုဆႏၵမဲလက္မွတ္ကို ေခါက္၍ မဲပုံးထဲသို႔ ကိုယ္တိုင္ ထည့္ေစရမည္။
(၅)
မဲ႐ုံသို႔ လာေရာက္ ဆႏၵမဲေပးသူသည္ က်န္းမာ သန္စြမ္းျခင္း မရွိေသာေၾကာင့္ မိမိဆႏၵ ျပဳၿပီးေသာ ဆႏၵမဲလက္မွတ္ကို မဲပုံးထဲသို႔ ထည့္နိုင္စြမ္း မရွိလၽွင္ မဲ႐ုံ အဖြဲ႕ဝင္မ်ားသည္ ထိုသူအား ဆႏၵမဲထည့္နိုင္ေစရန္ ကူညီရမည္။
မဲေပးရမည့္ အခ်ိန္ႏွင့္ေနရာ
(၁)
ေရြးေကာက္ပြဲ က်င္းပသည့္ေန႔တြင္ မဲ႐ုံမ်ားကို နံနက္ ၆ နာရီမွ ညေန ၄ နာရီ အထိ ဖြင့္လွစ္ထားရမည္။ သို႔ရာတြင္ ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူ အားလုံး ဆႏၵမဲေပးၿပီး ပါက မဲ႐ုံမ်ားကို ညေန ၄ နာရီ ထက္ေစာ၍ ပိတ္နိုင္သည္။
(၂)
မဲ႐ုံကို ညေန ၄ နာရီ တိတိအခ်ိန္တြင္ ပိတ္သည့္အခါ မဲ႐ုံမပိတ္မီ ထိုမဲ႐ုံပရိဝုဏ္ အတြင္း၌ ဆႏၵမဲေပးရန္ ေရာက္ရွိ ေနသူမ်ားအနက္ ဆႏၵမဲ မေပးရေသးသူမ်ား ရွိပါက ယင္းတို႔ကို စာရင္းေကာက္ယူ၍ ထိုစာရင္းတြင္ ပါဝင္သူမ်ား ကိုသာလၽွင္ ဆႏၵမဲေပးခ်ိန္ ေက်ာ္လြန္ၿပီး ျဖစ္ေစ ကာမူ ဆႏၵမဲေပးခြင့္ ျပဳရမည္။
(၃)
ႀကိဳတင္ ဆႏၵမဲ လက္မွတ္ျဖင့္ ဆႏၵမဲေပးၿပီး သူမ်ားမွအပ ဆႏၵမဲေပးပိုင္ခြင့္ ရွိသူမ်ားသည္ သက္ဆိုင္ရာ မဲ႐ုံအသီးသီး၌ ဆႏၵမဲ လက္မွတ္မ်ားကို ကိုယ္တိုင္ လာေရာက္ ထုတ္ယူၿပီး လၽွို႔ဝွက္ ဆႏၵျပဳ၍ သက္ဆိုင္ရာ မဲပုံးအတြင္းသို႔ ကိုယ္တိုင္ ထည့္ရမည္။ မည္သူမၽွ ကိုယ္စားေစလႊတ္၍ ဆႏၵမဲေပးျခင္း မျပဳရ။
ေဆာင္ရန္၊ ေရွာင္ရန္
(၁)
တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား မွအပ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကို သက္ဆိုင္ရာ မဲဆႏၵနယ္မ်ားတြင္ ေနထိုင္ၾကေသာ ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူမ်ားက လၽွို႔ဝွက္ ဆႏၵမဲျဖင့္ တိုက္ရိုက္ ေရြးေကာက္ တင္ေျမႇာက္ရမည္။
(၂)
ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူ တစ္ဦးသည္ ေရြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသား လႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္ လႊတ္ေတာ္ မ်ားသို႔ မဲဆႏၵနယ္ အလိုက္ ေရြးေကာက္ခံေသာ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ား အနက္ မိမိဆႏၵ ျပဳလိုေသာ သက္ဆိုင္ရာ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း တစ္ဦးစီ ကိုလည္းေကာင္း၊ ဥပေဒႏွင့္ အညီ တိုင္းရင္းသား လူမ်ိဳးေရးရာ လႊတ္ေတာ္ ကိုယ္စားလွယ္ ေရြးေကာက္ တင္ေျမႇာက္ခြင့္ ရွိလၽွင္ ထိုလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အတြက္ လည္းေကာင္း ဆႏၵမဲ တစ္မဲစီကို ေပးခြင့္ရွိသည္။ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း တစ္ဦးစီ အတြက္ တစ္ႀကိမ္ထက္ ပို၍ ဆႏၵမဲ ေပးခြင့္ မရွိေစရ။
(၃)
ဆႏၵမဲ စတင္ေပးသည့္ အခ်ိန္မွ ဆႏၵမဲ ေပးျခင္း ၿပီးဆုံးသည့္ အခ်ိန္အတြင္း မဲ႐ုံထဲသို႔ ေအာက္ပါ ပုဂၢိဳလ္မ်ားမွ တစ္ပါး အျခားမည္သူမၽွ မဝင္ရ-
(က)
မဲ႐ုံ အဖြဲ႕ဝင္မ်ား၊
(ခ)
ဆႏၵမဲ ေပးမည့္သူမ်ား၊
(ဂ)
တာဝန္က် ရဲတပ္ဖြဲ႕ဝင္မ်ား သို႔မဟုတ္ ရပ္ကြက္ သို႔မဟုတ္ ေက်းရြာ အုပ္စု ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲက လုံျခဳံေရး တာဝန္ေပးအပ္ ခံရသူမ်ား၊
(ဃ)
ဆႏၵမဲေပးသူသည္ ဆႏၵမဲလက္မွတ္ရွိ အမည္မ်ားကို မဖတ္ တတ္လၽွင္ သို႔မဟုတ္ ညႊန္ၾကားထားသည့္ အတိုင္း ဆႏၵမဲ မေပးတတ္လၽွင္ လည္းေကာင္း၊ မ်က္မျမင္ ျဖစ္လၽွင္ လည္းေကာင္း ဆႏၵမဲေပးသူက ညႊန္ၾကားသည့္အတိုင္း ကူညီေဆာင္ရြက္ေပးမည့္ သက္ဆိုင္ရာ မဲစာရင္း၌ ပါရွိေသာ မဲဆႏၵရွင္၏ ဖခင္၊ မိခင္၊ ဇနီး၊ ခင္ပြန္း၊ သား၊ သမီး၊ ညီအစ္ကို ေမာင္ႏွမအရင္း တစ္ဦးဦး (သို႔မဟုတ္) မဲ႐ုံမႉး၊
(င)
ေကာ္မရွင္ႏွင့္ သက္ဆိုင္ရာ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ အဖြဲ႕ဝင္မ်ား၊
(စ)
သက္ဆိုင္ရာ မဲဆႏၵနယ္အတြက္ ေရြးေကာက္ တင္ေျမႇာက္ခံသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ား၊ ယင္းတို႔၏ ေရြးေကာက္ပြဲ ကိုယ္စားလွယ္မ်ား၊ မဲ႐ုံ ကိုယ္စားလွယ္မ်ားႏွင့္ အကူ ကိုယ္စားလွယ္မ်ား။
(ဆ)
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ခြင့္ျပဳထားသည့္ ေရြးေကာက္ပြဲေလ့လာသူမ်ား။
(၄)
ေရြးေကာက္ပြဲတြင္ သူတစ္ပါးအေယာင္ေဆာင္၍ ဆႏၵမဲေပးခြင့္ လာေရာက္ ေတာင္းဆိုေၾကာင္း မဲ႐ုံမႉး သို႔မဟုတ္ မဲ႐ုံအဖြဲ႕ဝင္ တစ္ဦးဦး သို႔မဟုတ္ တာဝန္က် ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ အဖြဲ႕ဝင္ တစ္ဦးဦးက သိရွိလၽွင္ ထိုအေယာင္ေဆာင္သူအား ဆႏၵမဲေပး ခြင့္မျပဳရ။
(၅)
မဲစာရင္း၌အမည္ သို႔မဟုတ္ ေနရပ္ႏွင့္ စပ္လ်ဥ္းသည့္ ေဖာ္ျပခ်က္တြင္ အနည္းငယ္ မွားယြင္းျခင္း၊ ခ်ိဳ႕ငဲ့ျခင္း၊ ခၽြတ္ေခ်ာ္ျခင္း ရွိေသာ္လည္း ထိုေဖာ္ျပခ်က္ႏွင့္ သက္ဆိုင္သူသည္ ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူ အမွန္ျဖစ္ ေၾကာင္း တာဝန္ခံ၍ ေျပာဆိုနိုင္သူရွိလၽွင္ မဲစာရင္းတြင္ ပါရွိေသာ မွားယြင္းခ်က္၊ ခ်ိဳ႕ငဲ့ခ်က္၊ ခၽြတ္ေခ်ာ္ခ်က္ကို ျပင္ဆင္ေရးမွတ္၍ ထိုသူကို ဆႏၵ မဲေပးခြင့္ ျပဳရမည္။ ယင္းသို႔ ျပင္ဆင္ခြင့္ ျပဳသည့္ အခါတိုင္း မဲ႐ုံမႉးသည္ ပုံစံ (၁၂) ျဖင့္ အက်ိဳးအေၾကာင္း အက်ဥ္းခ်ဳပ္ကို ေရးသား မွတ္တမ္း တင္ထားရမည္။
(၆)
ဆႏၵမဲ လက္မွတ္ကို ေတာင္းဆိုသူသည္ သူတစ္ပါး အေယာင္ေဆာင္ေသာ ျပစ္မႈကို က်ဴးလြန္သူ ျဖစ္ေၾကာင္း လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းက ျဖစ္ေစ၊ ယင္း၏ ေရြးေကာက္ပြဲ ကိုယ္စားလွယ္က ျဖစ္ေစ၊ မဲ႐ုံမႉးက သင့္ေလ်ာ္သည္ဟု ထင္ျမင္သူက ျဖစ္ေစ ကန္႔ကြက္လာလၽွင္ မဲ႐ုံမႉးသည္ ကန္႔ကြက္ မဲစာရင္း ပုံစံ (၁၄) တြင္ လိုအပ္သည္မ်ား ျဖည့္စြက္၍ ထိုဆႏၵမဲလက္မွတ္ ေတာင္းဆိုသူကို လက္မွတ္ေရးထိုး ေစရမည္။ ကန္႔ကြက္ သူမ်ားကိုလည္း လက္မွတ္ေရး ထိုးေစရမည္။ စာမေရးတတ္လၽွင္ လက္ဝဲ လက္မ လက္ေဗြ ႏွိပ္ေစရမည္။ ဆႏၵမဲလက္မွတ္ ေတာင္းဆိုသူက ပုံစံ (၁၄) တြင္ ျဖည့္စြက္ျခင္း၊ လက္မွတ္ ေရးထိုးျခင္း မျပဳလၽွင္ ထိုသူအား ဆႏၵမဲ ေပးခြင့္မျပဳရ။
(၇)
ေအာက္ပါ ပုဂၢိဳလ္မ်ားသည္ ေရြးေကာက္ပြဲတြင္ ဆႏၵမဲေပးပိုင္ခြင့္ မရွိေစရ-
(က)
သာသနာ့ ၀န္ထမ္း၊
( ခ)
ေထာင္ဒဏ္ က်ခံေနရသူ၊
( ဂ)
စိတ္ေပါ့သြပ္ေနသည္ဟု သက္ဆိုင္ရာ ဥပေဒက ျပ႒ာန္းထားသည့္ အတိုင္း သတ္မွတ္ျခင္း ခံရသူ၊
(ဃ)
လူမြဲအျဖစ္ ဆုံးျဖတ္ ေၾကညာခံထားရျခင္း မွ လြတ္ေျမာက္ခြင့္ မရေသး သူ၊
( င)
ေရြးေကာက္ တင္ေျမႇာက္ျခင္း ဆိုင္ရာ ဥပေဒအရ တားျမစ္ျခင္း ခံရသူ၊
( စ)
နိုင္ငံျခားသား သို႔မဟုတ္ နိုင္ငံျခားသား အျဖစ္ ခံယူထားသူ။
Unicode
ပြည်တွင်းမဲဆန္ဒရှင်များ
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ
အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာ မရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်-
(၁)
ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက်(၁၈)နှစ် ပြည့်ပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ၊
(၂)
သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူ။
မဲပေးခြင်း
(၁)
ရွေးကောက်ပွဲတွင် ကြိုတင် ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးပြီး သူများမှအပ ဆန္ဒမဲပေး မည့်သူများသည် မဲရုံသို့ ကိုယ်တိုင် လာရောက်၍ ဆန္ဒမဲ ပေးရမည်။ ကိုယ်စားလှယ် စေလွှတ်၍ ဆန္ဒမဲပေးခြင်း မပြုရ။
(၂)
မဲရုံမှူး သို့မဟုတ် ယင်းက တာဝန်ပေးအပ်ထားသော မဲရုံအဖွဲ့ဝင်သည် ဆန္ဒမဲ လက်မှတ်ကို ဆန္ဒမဲပေးသူအား ထုတ်မပေးမီ မဲစာရင်းပါ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ၏ အမည်နှင့် မဲစာရင်း အမှတ်တို့ မှန်ကန်ပါက မဲစာရင်းတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအား လက်မှတ် ရေးထိုးခြင်း သို့မဟုတ် လက်ဝဲလက်မ လက်ဗွေနှိပ်ခြင်း ပြုစေပြီးနောက် ဆန္ဒမဲလက်မှတ်ကို ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအား ထုတ်ပေးရမည်။
(၃)
ဆန္ဒမဲ လက်မှတ်ကို ရရှိလျှင် ဆန္ဒမဲပေးသူသည် လျှို့ဝှက် ဆန္ဒပြုခန်း၌ ဆန္ဒမဲ လက်မှတ်ပေါ်တွင် မိမိဆန္ဒပြုလိုသော လွှတ်တော် ကိုယ်စားလှယ်လောင်း ၏ အမည်နှင့် သင်္ကေတ အမှတ်အသား တည့်တည့်တွင် ရှိသော လေးထောင့် အကွက် အတွင်း၌ အမှန် (Â ) အမှတ်အသားပါ တံဆိပ်တုံးရိုက်နှိပ်၍ ဆန္ဒမဲပေးခြင်း ပြုရမည်။ ထို့နောက် မိမိ ဆန္ဒပြုထားသည်ကို သူတစ်ပါး မမြင်နိုင်စေရန် ဆန္ဒမဲလက်မှတ်ကို ခေါက်၍ သတ်မှတ်ထားသည့် မဲပုံးအတွင်းသို့ ထည့်ရမည်။ မဲပုံးထဲသို့ ထည့်ရမည့် ဆန္ဒမဲ လက်မှတ်တွင် မဲရုံမှူး၏ လက်မှတ်နှင့် ဆန္ဒမဲလက်မှတ်ပါ လေးထောင့်အကွက် အတွင်း၌ မဲဆန္ဒရှင် ဆန္ဒပြုထားသော အမှတ်အသားတို့မှ တစ်ပါး အခြား မည်သည့် အမှတ်အသားမျှ မပါဝင်စေရ။
(၄)
ဆန္ဒမဲပေးသူသည် ဆန္ဒမဲလက်မှတ်ရှိ အမည်များကို မဖတ်တတ်လျှင် သို့မဟုတ် ညွှန်ကြားထားသည့် အတိုင်း ဆန္ဒမဲ မပေးတတ်လျှင် လည်းကောင်း၊ မျက်မမြင် ဖြစ်လျှင် လည်းကောင်း သက်ဆိုင်ရာ မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမ အရင်းတစ်ဦးဦးသည် ဆန္ဒမဲပေးသူက ညွှန်ကြားသည့်အတိုင်း သတ်မှတ်ထားသည့် နေရာတွင် ဆန္ဒမဲ လက်မှတ်၌ လျှို့ဝှက် ဆန္ဒပြုရမည်။ ယင်းပုဂ္ဂိုလ်များ မရှိခဲ့လျှင် မဲရုံမှူးသည် ယင်းပုဂ္ဂိုလ်များ ကိုယ်စား ဆောင်ရွက်ပေးရမည်။ ထို့နောက် ဆန္ဒမဲပေးသူအား ထိုဆန္ဒမဲလက်မှတ်ကို ခေါက်၍ မဲပုံးထဲသို့ ကိုယ်တိုင် ထည့်စေရမည်။
(၅)
မဲရုံသို့ လာရောက် ဆန္ဒမဲပေးသူသည် ကျန်းမာ သန်စွမ်းခြင်း မရှိသောကြောင့် မိမိဆန္ဒ ပြုပြီးသော ဆန္ဒမဲလက်မှတ်ကို မဲပုံးထဲသို့ ထည့်နိုင်စွမ်း မရှိလျှင် မဲရုံ အဖွဲ့ဝင်များသည် ထိုသူအား ဆန္ဒမဲထည့်နိုင်စေရန် ကူညီရမည်။
မဲပေးရမည့် အချိန်နှင့်နေရာ
(၁)
ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်ထားရမည်။ သို့ရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးပြီး ပါက မဲရုံများကို ညနေ ၄ နာရီ ထက်စော၍ ပိတ်နိုင်သည်။
(၂)
မဲရုံကို ညနေ ၄ နာရီ တိတိအချိန်တွင် ပိတ်သည့်အခါ မဲရုံမပိတ်မီ ထိုမဲရုံပရိဝုဏ် အတွင်း၌ ဆန္ဒမဲပေးရန် ရောက်ရှိ နေသူများအနက် ဆန္ဒမဲ မပေးရသေးသူများ ရှိပါက ယင်းတို့ကို စာရင်းကောက်ယူ၍ ထိုစာရင်းတွင် ပါဝင်သူများ ကိုသာလျှင် ဆန္ဒမဲပေးချိန် ကျော်လွန်ပြီး ဖြစ်စေ ကာမူ ဆန္ဒမဲပေးခွင့် ပြုရမည်။
(၃)
ကြိုတင် ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးပြီး သူများမှအပ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် သက်ဆိုင်ရာ မဲရုံအသီးသီး၌ ဆန္ဒမဲ လက်မှတ်များကို ကိုယ်တိုင် လာရောက် ထုတ်ယူပြီး လျှို့ဝှက် ဆန္ဒပြု၍ သက်ဆိုင်ရာ မဲပုံးအတွင်းသို့ ကိုယ်တိုင် ထည့်ရမည်။ မည်သူမျှ ကိုယ်စားစေလွှတ်၍ ဆန္ဒမဲပေးခြင်း မပြုရ။
ဆောင်ရန်၊ ရှောင်ရန်
(၁)
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ မှအပ လွှတ်တော် ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် နေထိုင်ကြသော ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက လျှို့ဝှက် ဆန္ဒမဲဖြင့် တိုက်ရိုက် ရွေးကောက် တင်မြှောက်ရမည်။
(၂)
ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တစ်ဦးသည် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် များသို့ မဲဆန္ဒနယ် အလိုက် ရွေးကောက်ခံသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနက် မိမိဆန္ဒ ပြုလိုသော သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးစီ ကိုလည်းကောင်း၊ ဥပဒေနှင့် အညီ တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ် ရွေးကောက် တင်မြှောက်ခွင့် ရှိလျှင် ထိုလွှတ်တော် ကိုယ်စားလှယ်လောင်း အတွက် လည်းကောင်း ဆန္ဒမဲ တစ်မဲစီကို ပေးခွင့်ရှိသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးစီ အတွက် တစ်ကြိမ်ထက် ပို၍ ဆန္ဒမဲ ပေးခွင့် မရှိစေရ။
(၃)
ဆန္ဒမဲ စတင်ပေးသည့် အချိန်မှ ဆန္ဒမဲ ပေးခြင်း ပြီးဆုံးသည့် အချိန်အတွင်း မဲရုံထဲသို့ အောက်ပါ ပုဂ္ဂိုလ်များမှ တစ်ပါး အခြားမည်သူမျှ မဝင်ရ-
(က)
မဲရုံ အဖွဲ့ဝင်များ၊
(ခ)
ဆန္ဒမဲ ပေးမည့်သူများ၊
(ဂ)
တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက လုံခြုံရေး တာဝန်ပေးအပ် ခံရသူများ၊
(ဃ)
ဆန္ဒမဲပေးသူသည် ဆန္ဒမဲလက်မှတ်ရှိ အမည်များကို မဖတ် တတ်လျှင် သို့မဟုတ် ညွှန်ကြားထားသည့် အတိုင်း ဆန္ဒမဲ မပေးတတ်လျှင် လည်းကောင်း၊ မျက်မမြင် ဖြစ်လျှင် လည်းကောင်း ဆန္ဒမဲပေးသူက ညွှန်ကြားသည့်အတိုင်း ကူညီဆောင်ရွက်ပေးမည့် သက်ဆိုင်ရာ မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမအရင်း တစ်ဦးဦး (သို့မဟုတ်) မဲရုံမှူး၊
(င)
ကော်မရှင်နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊
(စ)
သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ရွေးကောက် တင်မြှောက်ခံသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံ ကိုယ်စားလှယ်များနှင့် အကူ ကိုယ်စားလှယ်များ။
(ဆ)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် ရွေးကောက်ပွဲလေ့လာသူများ။
(၄)
ရွေးကောက်ပွဲတွင် သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲပေးခွင့် လာရောက် တောင်းဆိုကြောင်း မဲရုံမှူး သို့မဟုတ် မဲရုံအဖွဲ့ဝင် တစ်ဦးဦး သို့မဟုတ် တာဝန်ကျ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် တစ်ဦးဦးက သိရှိလျှင် ထိုအယောင်ဆောင်သူအား ဆန္ဒမဲပေး ခွင့်မပြုရ။
(၅)
မဲစာရင်း၌အမည် သို့မဟုတ် နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်တွင် အနည်းငယ် မှားယွင်းခြင်း၊ ချို့ငဲ့ခြင်း၊ ချွတ်ချော်ခြင်း ရှိသော်လည်း ထိုဖော်ပြချက်နှင့် သက်ဆိုင်သူသည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ် ကြောင်း တာဝန်ခံ၍ ပြောဆိုနိုင်သူရှိလျှင် မဲစာရင်းတွင် ပါရှိသော မှားယွင်းချက်၊ ချို့ငဲ့ချက်၊ ချွတ်ချော်ချက်ကို ပြင်ဆင်ရေးမှတ်၍ ထိုသူကို ဆန္ဒ မဲပေးခွင့် ပြုရမည်။ ယင်းသို့ ပြင်ဆင်ခွင့် ပြုသည့် အခါတိုင်း မဲရုံမှူးသည် ပုံစံ (၁၂) ဖြင့် အကျိုးအကြောင်း အကျဉ်းချုပ်ကို ရေးသား မှတ်တမ်း တင်ထားရမည်။
(၆)
ဆန္ဒမဲ လက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကို ကျူးလွန်သူ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ဖြစ်စေ၊ မဲရုံမှူးက သင့်လျော်သည်ဟု ထင်မြင်သူက ဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့်ကွက် မဲစာရင်း ပုံစံ (၁၄) တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲလက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုး စေရမည်။ ကန့်ကွက် သူများကိုလည်း လက်မှတ်ရေး ထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲ လက်မ လက်ဗွေ နှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ (၁၄) တွင် ဖြည့်စွက်ခြင်း၊ လက်မှတ် ရေးထိုးခြင်း မပြုလျှင် ထိုသူအား ဆန္ဒမဲ ပေးခွင့်မပြုရ။
(၇)
အောက်ပါ ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ-
(က)
သာသနာ့ ဝန်ထမ်း၊
( ခ)
ထောင်ဒဏ် ကျခံနေရသူ၊
( ဂ)
စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူ၊
(ဃ)
လူမွဲအဖြစ် ဆုံးဖြတ် ကြေညာခံထားရခြင်း မှ လွတ်မြောက်ခွင့် မရသေး သူ၊
( င)
ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူ၊
( စ)
နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား အဖြစ် ခံယူထားသူ။

0 Comments