(နွားရိုင်းရေးသည်)
ဂျပန်တို့တိုးတက်ခြင်းမှာ
စနစ်တကျရှိခြင်းဟု ဆိုကြသည်။ သူတို့မှာကား အရာရာတိုင်း၊ ကိစ္စတိုင်း၊ အကြောင်းအရာတိုင်းမှာ
ကိုယ်စီစနစ်တကျရှိသကဲ့သို့၊ တစ်ဦးတစ်ယောချင်း စည်းကမ်းရှိကြ၍လည်း ဖြစ်သည်ဟု အမျိုးသားခေါင်းဆောင်ကြီး
ဦးဥတ္တမက ဆိုခဲ့သည်။ အိပ်ချိန်၊ စားချိန်စသည့် အချိန်ကို စီမံခန့်ခွဲမှု များသည် လူမှုအသိုင်းအ၀န်းတစ်ခု၏
တိုးတက်သော အင်္ဂါရပ်များဖြစ်သည် မဟုတ်လား။
ယခုမူ ကျွန်ုပ်တို့မျိုးဆက်တစ်ခုလုံးသည်
သူတို့တစ်ဦးတစ်ယောက်ချင်းကိုယ်တိုင် စနစ်တကျလည်းမရှိ၊ စည်းကမ်းလေ့မရှိ ဖရိုးဖရာချည်းသာ
ဖြစ်နေမည်ဆိုပါလျှင်။ အိပ်ချင်သည့်အချိန် အိပ်ပြီး၊ စားချင်သည့်အချိန် စားမည်၊ နေချင်သလို
နေမည်ဆိုပါလျှင် မိမိတို့သည် အဘယ်မျှ တိုးတက်နိုင်လိမ့်မည်မဟုတ်။
နေချင့်စဖွယ်
ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့ရာ စနစ်သည်အရေးကြီးလှသည်။ အမှိုက်ပစ်သည့်စနစ်၊ အမှိုက်ဖျက်သိမ်းသည့်စနစ်မရှိလေသောကြောင့်နှင့်
အမှိုက်ပုံးများတွင် အမှိုက်စွန့်ရန် စည်းကမ်းမရှိလေသောကြောင့် လူထုအနားယူအပန်းဖြေရာနေရာများတွင်
အမှိုက်ဗလပွပုံများတက်လာခဲ့သည် ရှိသော် ကြည့်ရှုကြသောသူတို့တဖွယ်ကား များစွာစိတ်ညစ်ကြရလေ၏။
ထို့ထက် အဆိုပါ လှပသည့်နေရာများသည် နောင်များမကြာမီအချိန်တွင် ညစ်ညမ်းစုတ်ပြတ်သည့်နေရာတစ်ခုအဖြစ်သို့
ရောက်ရှိသွားမည်ကား ဤကံမုတ်ချ။
စနစ်ကိုအကောင်အထည်ဖော်ရန်
စနစ်ကိုအကောင်အထည်ဖော်ရန်ကား
လက်ရှိနိုင်ငံအာဏာကို ရယူနေသူ၊ တနည်းပြည်သူက တင်မြောက်ထားသည့် ဒေသခံအစိုးရ၊ ပြည်နယ်အစိုးရနှင့်
နိုင်ငံတော်အစိုးရများ၏ တာဝန်သာ။
စည်းကမ်းကိုအကောင်အထည်ဖော်ရန်
မိမိတို့လူသားတစ်ဦးချင်းစီ
စည်းကမ်းတကျ၊ ဖွံ့ဖြိုးသောလူသားတစ်ဦးဖြစ်လာစေရန်ကား လူကြီးသူမတို့က ငယ်သူများကို ငယ်စဉ်ကတည်းက
စည်းကမ်းတကျ အလေ့အထကောင်းများကို သင်ကြားပြုကျင့်ရန်သာ ရှိလေတော့သည်။
3/Nature/grid-small
3/Nature/grid-small



0 Comments