(Zawgyi/ Unicode)
The Past Perfect အကြောင်းလေ့လာမေ

အင်္ဂလိပ်စာလေ့လာနေသူများအတွက် အထောက်အကူဖြစ်စေမည့် The Past Perfect နဲ့ ပတ်သက်တဲ့ ရေးသား ပြောဆိုနည်း အကြောင်းကို မျှဝေပေးချင်ပါတယ်။ ကာလကို ခွဲခြားပြရာတွင် အသုံးပြုပုံ (၁၂) မျိုးထဲက တစ်မျိုးဖြစ်တဲ့ The Past Perfect ကို အရေးအသားနှင့် စကားပြောဆိုရာတွင် အသုံးအများပါတယ်။ အချိန်ကာလများကို ခွဲခြားဖော်ပြရာတွင် Perfect နှင့် ပတ်သက်သည့် သုံးစွဲပုံ (၆)မျိုး ရှိသောကြောင့် စတင်လေ့လာသူများအဖို့ Perfect နှင့် ပတ်သက်ပြီး အထူးနားလည်သဘောပေါက်ထားရန် လိုအပ်ပါတယ်။
The Past Perfect ရဲ့ အသုံးပြုပုံသေနည်းကတော့ Had+ a past participle (V3) ဖြစ်ပါတယ်။ အတိတ်က ပြုလုပ်ခဲ့ပြီး သို့မဟုတ် ဖြစ်ခဲ့ပြီးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖော်ပြချင်ရင် သုံးစွဲရမှာပါဖြစ်တယ်။ အောက်ပါနမူနာ စာကြောင်းလေးများကို လေ့လာကြည့်လိုက်ပါ-

I had seen it before.
ကျွန်တော် ဒါကိုအရင်က မြင်ဖူးခဲ့တယ်။
Josh had planned to go away for the weekend.
Josh ရုံးပိတ်ရက်မှာ ခရီးထွက်ရန် စီစဉ်ခဲ့တယ်။
The film had already started when I arrived at the university.
ကျွန်တော် ရုပ်ရှင်ရုံကို ရောက်သွားတဲ့အခါမှာ ရုပ်ရှင်က စနေခဲ့ပြီ။
တစ်စုံတစ်ယောက်က တစ်ခုခု လုပ်ပြီးခဲ့ပြီ ဆိုတာကို ဖော်ပြရန်အတွက် Had + a past participle (V3) ပုံစံသို့ ပြောင်းလဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာ ကျွန်တော် ဒီစာအုပ်ကို ဖတ်ခဲ့ပြီးပြီဆိုတဲ့ အသုံးကို ဖော်ရမည်ဆိုလျင် read ရဲ့ (V3) ပုံစံက read ဖြစ်သောကြောင့် Had + read ရေးရမှာဖြစ်ပါတယ်။ အပြည့်အစုံဖော်ပြရမည် ဆိုလျင် (I had read this book.) ဖြစ်တယ်။ နောက် ဥပမာတစ်ခုအနေဖြင့် သူက ဒီစာကို ရေးခဲ့ပြီးပြီလို့ The Past Perfect ပုံစံဖြင့် ဖော်ပြမည်ဆိုလျင် write ရဲ့ (V3) ပုံစံက written ဖြစ်သောကြောင့် (He had written this letter.) လို့ ရေးသား ပြောဆိုရမှာ ဖြစ်ပါတယ်။


(Unicode)
The Past Perfect
အင်္ဂလိပ်စာလေ့လာနေသူများအတွက် အထောက်အကူဖြစ်စေမည့် The Past Perfect နဲ့ ပတ်သက်တဲ့ ရေးသား ပြောဆိုနည်း အကြောင်းကို မျှဝေပေးချင်ပါတယ်။ ကာလကို ခွဲခြားပြရာတွင် အသုံးပြုပုံ (၁၂) မျိုးထဲက တစ်မျိုးဖြစ်တဲ့ The Past Perfect ကို အရေးအသားနှင့် စကားပြောဆိုရာတွင် အသုံးအများပါတယ်။ အချိန်ကာလများကို ခွဲခြားဖော်ပြရာတွင် Perfect နှင့် ပတ်သက်သည့် သုံးစွဲပုံ (၆)မျိုး ရှိသောကြောင့် စတင်လေ့လာသူများအဖို့ Perfect နှင့် ပတ်သက်ပြီး အထူးနားလည်သဘောပေါက်ထားရန် လိုအပ်ပါတယ်။
The Past Perfect ရဲ့ အသုံးပြုပုံသေနည်းကတော့ Had+ a past participle (V3) ဖြစ်ပါတယ်။ အတိတ်က ပြုလုပ်ခဲ့ပြီး သို့မဟုတ် ဖြစ်ခဲ့ပြီးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖော်ပြချင်ရင် သုံးစွဲရမှာပါဖြစ်တယ်။ အောက်ပါနမူနာ စာကြောင်းလေးများကို လေ့လာကြည့်လိုက်ပါ-

I had seen it before.
ကျွန်တော် ဒါကိုအရင်က မြင်ဖူးခဲ့တယ်။
Josh had planned to go away for the weekend.
Josh ရုံးပိတ်ရက်မှာ ခရီးထွက်ရန် စီစဉ်ခဲ့တယ်။
The film had already started when I arrived at the university.
ကျွန်တော် ရုပ်ရှင်ရုံကို ရောက်သွားတဲ့အခါမှာ ရုပ်ရှင်က စနေခဲ့ပြီ။

တစ်စုံတစ်ယောက်က တစ်ခုခု လုပ်ပြီးခဲ့ပြီ ဆိုတာကို ဖော်ပြရန်အတွက် Had + a past participle (V3) ပုံစံသို့ ပြောင်းလဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာ ကျွန်တော် ဒီစာအုပ်ကို ဖတ်ခဲ့ပြီးပြီဆိုတဲ့ အသုံးကို ဖော်ရမည်ဆိုလျင် read ရဲ့ (V3) ပုံစံက read ဖြစ်သောကြောင့် Had + read ရေးရမှာဖြစ်ပါတယ်။ အပြည့်အစုံဖော်ပြရမည် ဆိုလျင် (I had read this book.) ဖြစ်တယ်။ နောက် ဥပမာတစ်ခုအနေဖြင့် သူက ဒီစာကို ရေးခဲ့ပြီးပြီလို့ The Past Perfect ပုံစံဖြင့် ဖော်ပြမည်ဆိုလျင် write ရဲ့ (V3) ပုံစံက written ဖြစ်သောကြောင့် (He had written this letter.) လို့ ရေးသား ပြောဆိုရမှာ ဖြစ်ပါတယ်။
Contributor: Kyaw Htay Myint/ Pauktaw English Club
photo credit